မေးလေ့ရှိသော မေးခွန်းများ

ဝင်ခွင့်၊ မှတ်ပုံတင်၊ ကျောင်းကြေးနှင့် နေ့စဉ်ကျောင်းသုံးသက်မှတ်ချက်များ အတွက် အဖြေများ။

  • DPS ကျောင်းအတွက် waiting list ကို ဘယ်လိုလျှောက်ထားနိုင်ပါသလဲ?”
    Waiting List လေးကို သက်ဆိုင်ရာ ကျောင်းခွဲများမှာ ၁၂ လပိုင်း စာရင်းပေးထားလို့ရပါတယ်။
  • DPS ကျောင်းမှာဘယ်နှတန်းထိရှိလဲ
    DPS TWNနဲ့ NOKမှာတော့ KG to Grade (12) ထိရှိပြီး DPS Inseinနဲ့ Pathein မှာတော့ KG to Grade (7)ထိ ရှိပါတယ်ရှင့်
  • ကျောင်းလခလေးသိချင်လို့ပါ
    KG to Grade(5) -ကျောင်းလခ (၂၅)သိန်း+ ကျောင်းဝင်းကြေး(၁)သိန်း+စာရွက်စာတမ်းကြေး(၂)သိန်းပါရှင့်။ Grade(6) to Grade(9) ကျောင်းလခ(၂၈)သိန်း+ကျောင်းဝင်ကြေး(၁)သိန်း+စာရွက်စာတမ်းကြေး(၂)သိန်းပါရှင့်။ *Note-နှစ်စဥ်အပြောင်းအလဲရှိပါတယ်။
  • တစ်နှစ်စာကိုတစ်ခါတည်းသွင်းရတာလား
    ဟုတ်ကဲ့ တစ်နှစ်စာကို (၃) ကြိမ်ခွဲသွင်းလို့ရပါတယ်ရှင့်
  • သင်ရိုးလေးသိချင်ပါတယ်
    📚 NELC-Nelson English Language Centre မှ ဦးစီးတည်ထောင်ထားသည့် ကျွန်မတို့ DPS ကိုယ်ပိုင်ကျောင်းများတွင် 📚အစိုးရသင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြားပို့ချပေးနေသည့်အပြင် 📖Cambridge English 📖Cambridge Science 📖 Koobits Math (Digital Math Platform) 📖Art & Craft (ပန်းချီ) 📖Music ( ဂီတ) 📖Computer 📖အားကစား 📖အတွေးအခေါ်ပိုင်းဆိုင်ရာ တိုးတက်စေမည့် Project များ လုပ်ဆောင်ခြင်းများ နင့် 📖စာစီစာကုံး ရေးသားခြင်းများကိုလည်းသင်ကြားပေးပါတယ် (Note- အစိုးရသင်ရိုးအပြင် Cambridge English နဲ့ Cambridge Science ကိုလည်း ထပ်ဆောင်းဘာသာရပ်အနေနဲ့သင်ကြားပေးပါတယ်)
  • အသက်ဘယ်လောက်က စတင်လက်ခံလဲ
    ဟုတ်ကဲ့ အသက်(၅)အရွက်ကနေ KGအတန်းလေးကို စတင်လက်ခံပါတယ်။
  • ကျောင်းတက်လို့ရမရ ဘယ်တော့အကြောင်းပြန်မလဲ
    ဟုတ်ကဲ့ရှင့် (2လ)ပိုင်း လောက် အကြောင်းပြန်ပါတယ်
  • Academic Year ကြာချိန်လေးသိချင်ပါတယ်
    Academic Year က June To March အထိပါရှင့်။
  • Waiting list ကိုဖုန်းဆက်ပြီးပေးလို့ရလား
    Waiting listလေးက ကျောင်းကို ကိုယ်တိုင်လာပေးရတာပါရှင့်။